Saturday, September 1, 2012
အားကိုး ယုံကြည်စွာဖြင်.
သို.
သက်ဆိုင်ရာ လူကြီးမင်းများ အရေးယူပေး ပါရန်
ပဲခူးတိုင်းဒေသကြီး (အနောက်)က ခိုင်းနွားများကို ရန်ကုန်တိုင်းဒေသကြီး မှ ရွာသာကြီး နွားသတ်လိုင်စင်ရ အဖွဲ.မှ တရားမ၀င် မှောင်ခို သယ်ယူ၍ သတ်ဖြ
တ်နေခြင်း ကို ထိထိရောက်ရောက် အရေးယူပေး နိုင်ပါရန်အကူအညီတောင်းခံခြင်း ဖြစ်ပါတယ်။
ရန်ကုန်တိုင်းဒေသကြီး သားသတ်လိုင်စင်စီများ အဖွဲ.ကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ.ညှိုနှိုင်းမှု အရ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ.မှ တစ်လလျင် သားသတ်ကုန်ကြမ်း ကျွဲ၊နွား ကောင်ရေ (၁၀၀၀) နွားပွဲဈေးများမှ ၀ယ်ယူသယ်ဆောင် ရန် တရားဝင် ခွင်.ပြုထားပါသည်။
သို.သော် တစ်လလျင် အကောင်ရေ (၁၀၀၀)မှာ လုံလောက်မှု မရှိ၍ ထပ်မံတိုးတောင်းသော်လည်း ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ.မှ လယ်သမားများ ခိုင်းနွားအခက်အခဲကို စိုးရိမ်၍လည်းကောင်း၊နွားမျိုးပြုန်းတီးနိုင်၍ လည်းကောင်း၊အကြောင်းအမျိုးမျိုးကြောင်. ထပ်မံခွင်.မပြုခဲ.ပါ။
ထို.ကြောင်.ခိုင်းနွားများကို လာဘ်ပေးလဘ်ယူ အမျိုးမျိုးပြုလုပ်၍ သယ်ဆောင်တော.ပါသည်။(ခိုင်းနွား)ဟု ဆိုလိုရခြင်းမှာ သားသတ်ဥပဒေအရ အသက်(၁၆)နှစ်ပြည်.သော နွားများကိုသာ သတ်ခွင်.ရှိပါသည်။အခု သယ်ဆောင်သည်.နွားများမှာ အသက်(၅)နှစ်မှ (၁၀)နှစ် ၀န်းကျင်နွားများသာ ဖြစ်နေပါသည်။တောင်သူလယ်သမားများသည် နွားအားသွားကို ကြည်.၍ အသက်ခန်.မှန်းနိုင်ကြပါသည်။
တရားမ၀င် ခိုးယူသယ်ဆောင်သည်. လမ်းကြောင်းမှာ -နတ်တလင်းမြို.မှ ကျော်နိုင်(ခ)ရာဇာတ် မှ သူ၏ကိုယ်ပိုင်(၁၂)ဘီးကားများဖြင်. နွားများကို တင်ဆောင်၍ ရန်ကုန်တိုင်းဒေသကြီး နယ်စပ်မြို.ဖြစ်သော ဥက္ကံမြို.သို. လာရောက် ချပေးပါသည်။သူသည် နွားတစ်ကောင်လျင် ၄၅၀၀၀ကျပ် ကားခအဖြစ်ရရှိပါသည်။ကားတစ်စီးလျင် နွားကောင်ရေ (၃၀)မှ (၃၄)ကောင်အထိဆန်.ပါသည်။အဲဒီနွားသယ်ဆောင်ခ တစ်ကောင်လျင် (၄၅၀၀၀)ထဲမှ လက်ပံတန်းတံတားရဲကင်းကို နွားတစ်ကောင်လျင် (၃၀၀၀)နှုန်း၊သာယာဝတီ ဗေဒင်ကုန်းဂိတ်ကို ညှိုနှိုင်းဆောင်ရွက်သူ မျိုးကြီး၊စိုးစိုး(သုံးဆယ်မြို.ခံ တရုတ်လူမျိုး ကားအုံနာ သူဌေး) တို.အား တစ်ကောင်လျင် (၁၀၀၀၀)ကျပ်နှုန်း၊ပဲခူးတိုင်း နယ်အဆုံး မီးနင်းချောင်းတံတား ရဲကင်း ကို တစ်ကောင်(၂၀၀၀)နှုန်းပေးပြီး လာရပါသည်။သောကြာနေ.ညဆို နွားကားများ (၅)စီးမှ (၈)စီးခန်.လာရောက်ချပါသည်။ စနေနေ.တွင် ဥက္ကံမြို.တွင် နွားပွဲဈေး ရှိပါသည်။ဥက္ကံမြို.သည် ရန်ကုန်တိုင်းဒေသကြီး ဖြစ်သောကြောင်. ရွာသာကြီး နွားသတ်လိုင်စင်များကို နွားကောင်ရေ မကန်.သတ်ထားပါ။ကြီုက်သလောက်ဝယ်၊ကြိုက်သလောက် တင်ဆောင်၍ သတ်နိုင်သည်ဟု သိရပါသည်။ခြေလျင်မောင်းလာသည်. နွားများမှာလည်း ရန်ကုန်-ပြည် ကတ္တရာ လမ်းအတိုင်း ရဲများကို ဆက်ကြေးပေး၍ လာလို.ရနေသည်မှာ တစ်ပတ်လျင် နွားကောင်ရေ (၈၀၀)ခန်. ၀င်ရောက်နေပါသည်။ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ.မှ တင်းကြပ်သော်လည်း၊အောက်ခြေ၌ လာဘ်ပေးလဘ်ယူ ပွဲတော်ကြီး၊ရဲများအတွက် အခွင်းအရေး တစ်ခု ဖြစ်နေသည်မှာ စိတ်မကောင်းစရာ ဖြစ်ရပါသည်။တောင်သူလယ်သမားများမှာလည်း တဖြေးဖြေး နွားရှားပါးလာ၍ နွားတစ်ကောင်လျင် (၄)သိန်းမျ (၅)သိန်း အစားစားဝယ်ယူ သုံးစွဲနေရပါသည်။ပဲခူးတိုင်း အစိုးရ အဖွဲ.ကို တိုင်ကြားလျင် တိုင်တဲ.သူကို အရင်စစ်၊ပြီးလျင် တိုင်ခံရတဲ.သူစစ်။လူမြင်တာပဲ အဖတ်တင်သည်။တရားခံအစစ်ကို မောင်းထုတ်လိုက်သလို ဖြစ်သွားသည်။စစ်တဲ.သူ ပြန်သွားလျင် နောက်က မှောင်ခိုလုပ်ငန်းပြန်စ၊အောက်ခြေက ရဲများကလည်း မင်းတို.ဘယ်လောက်တိုင်တိုင် ဘာမှ မဖြစ်ဘူး။အမေကျော်ပြီး ဒွေးတော် လွမ်းတာကိုး လို. ပြောတဲ.ကောင်က ပြော၊ကျွန်တော်တို. ပြည်သူတွေက ဘယ်သူကို တိုင်ကြားရမလဲ အကိုကြီးရေ။အဖြစ်မှန်ပေါ်ပြီး တရားမ၀င်တာတွေကို အရေးယူပေးဖို.ကို ကူညီပေးပါအုန်း အကိုရေ။တောင်သူလယ်သမားတွေက အကူအညီတောင်းလို. ကျွန်တော် သေချာလေ.လာထားတာတွေပါ။ကားနံပါတ်တွေက ၈စ၊၅၃၂၈ ။ ၈စ်၊၈၃၅၅ ။၈ဇ၊၆၄၁၉ လက်ရှိ ခိုးသယ်ဆောင်နေသည်. ကားနံပါတ်တွေပါ။ဓါတ်ပုံတွေပါ ထပ်ပို.ပေးပါဦးမည်။ယခုဖြစ်စဥင်္တွေက အမှန်တွေပါ။သာယာဝတီ ဗေဒင်ကုန်းဂိတ်သည် ပဲခူးတိုင်းအနောက်၏ အဓိက လုံခြုံရေး တံခါးဖြစ်သည်။သို.သော် လာဘ်ပေးလာဘ်ယူ ရန် ရဲများအတွက် အဓိက ဓားပြဂိတ် တစ်ခု ဖြစ်နေပါကြောင်း တင်ပြလိုက်ရပါသည်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment