Sunday, July 22, 2012
လုပ်စားတဲ. ဗိုလ်ကြီး တစ်ယောက် အကြောင်း
မှော်ဘီမြို.မှာ နွားကား မှောင်ခို လုပ်စားသည်. စစ်ဗိုလ်ကြီးတစ်ဦးကို နွားကားနှင်. အတူ ဖမ်းမိသွားပါပြီ ခင်ဗျား။ဖြစ်စဉ်မှာ မန္တလေး တိုင်းဒေသကြီး ကျောက်ဆည် ခရိုင်မှ ခိုင်းနွားများ တင်ဆောင်လာ၍ မှော်ဘီမြို.နယ် မြောင်းတကာ ကျေးရွာသို. မန္တလေး တိုင်းမှုး လက်မှတ်ကို ကိုယ်စားထိုး ထောက်ခံချက်ဖြင်. ဗိုလ်ကြီးတစ်ဦး ယူနီဖောင်း ၀တ်ကာ ၁ဃ၊၉၄၀၆ (၁၂)ဘီး ကားခေါင်းတွင် အခန်.သား ထိုင်ကာ ရဲများကို ပိုက်ဆံပေး၍ လာခဲ.ပါသည်။မှော်ဘီမြို.နယ် မြောင်းတကာ ကျေးရွာ၌ နွားများ ချနေစဉ် တိုင်တမ်းသူတစ်ဦး ကြောင်. မှော်ဘီတပ်နယ်မှုး သိရှိ သွားကာ စာရွက်စာတမ်း အထောက်အထား များ တောင်းယူ စစ်နေစဉ် ကား ကို မောင်းပြေးကြသည်။ နောက်မှ တပ်ကြပ်ကြီး အေးသာမှ လိုက်ဖမ်းရာ မိသော အခါ ဘာဥပဒေနဲ. ဖမ်းတာလဲ။နွားမရှိဘဲ ကားကို ဖမ်းလို. ရမလား။ဗိုလ်ကြီးနဲ. ရှင်းလိုက် မင်းတို. အကြောင်း သိသွားမယ် ဟုပြောသော အခါ ဆရာကြီး အေးသာမှ ဗိုလ်ကြီး ကို တပ်နယ်မှုးနျင်. လိုက်တွေ.လိုက်ပါဟု ပြောသည်။တပ်နယ်မှုး နှင်. တွေ.သောအခါ စစ်ကြောလိုက်လျင် သူသည် တိုင်းမှုး လက်မှတ် အတု ထိုး ၍ နွားများသယ်ဆောင်လာ ခဲ.ကြောင်း ပေါ်ပေါက် သဖြင်. တပ်အချုပ်ထဲ ထည်.၍ လိုအပ်သလို အရေး ယူနိုင်ရန် ဆက်လက် လုပ်ဆောင်နေပါသည်။ကားကို ရဲစခန်း အပ်ထားပြီး နွားများကို တော. မဖမ်းရသေးပါကြောင်း တင်ပြ အပ်ပါသည်။နွား ပိုင်ရှင်မှာ ဆူလူးလို. ခေါ်သည်. ကုလားသူဋ္ဌေး တစ်ဦး ဖြစ်ကာ လူကြီးများ နှင်. တော်တော် ပိုင်ကြောင်း သိရပါသည်။စုံစမ်းရရှိသည်များကို ဆက်လက် တင်ပြပေးပါမည်။ဖမ်းသည်.နေ.က ၂၂.ရ။၂၀၁၂(sun)၅း၀၀pmခန်.ကပါ။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment