Saturday, September 1, 2012

အားကိုး ယုံကြည်စွာဖြင်.

သို. သက်ဆိုင်ရာ လူကြီးမင်းများ အရေးယူပေး ပါရန် ပဲခူးတိုင်းဒေသကြီး (အနောက်)က ခိုင်းနွားများကို ရန်ကုန်တိုင်းဒေသကြီး မှ ရွာသာကြီး နွားသတ်လိုင်စင်ရ အဖွဲ.မှ တရားမ၀င် မှောင်ခို သယ်ယူ၍ သတ်ဖြ တ်နေခြင်း ကို ထိထိရောက်ရောက် အရေးယူပေး နိုင်ပါရန်အကူအညီတောင်းခံခြင်း ဖြစ်ပါတယ်။ ရန်ကုန်တိုင်းဒေသကြီး သားသတ်လိုင်စင်စီများ အဖွဲ.ကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ.ညှိုနှိုင်းမှု အရ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ.မှ တစ်လလျင် သားသတ်ကုန်ကြမ်း ကျွဲ၊နွား ကောင်ရေ (၁၀၀၀) နွားပွဲဈေးများမှ ၀ယ်ယူသယ်ဆောင် ရန် တရားဝင် ခွင်.ပြုထားပါသည်။ သို.သော် တစ်လလျင် အကောင်ရေ (၁၀၀၀)မှာ လုံလောက်မှု မရှိ၍ ထပ်မံတိုးတောင်းသော်လည်း ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ.မှ လယ်သမားများ ခိုင်းနွားအခက်အခဲကို စိုးရိမ်၍လည်းကောင်း၊နွားမျိုးပြုန်းတီးနိုင်၍ လည်းကောင်း၊အကြောင်းအမျိုးမျိုးကြောင်. ထပ်မံခွင်.မပြုခဲ.ပါ။ ထို.ကြောင်.ခိုင်းနွားများကို လာဘ်ပေးလဘ်ယူ အမျိုးမျိုးပြုလုပ်၍ သယ်ဆောင်တော.ပါသည်။(ခိုင်းနွား)ဟု ဆိုလိုရခြင်းမှာ သားသတ်ဥပဒေအရ အသက်(၁၆)နှစ်ပြည်.သော နွားများကိုသာ သတ်ခွင်.ရှိပါသည်။အခု သယ်ဆောင်သည်.နွားများမှာ အသက်(၅)နှစ်မှ (၁၀)နှစ် ၀န်းကျင်နွားများသာ ဖြစ်နေပါသည်။တောင်သူလယ်သမားများသည် နွားအားသွားကို ကြည်.၍ အသက်ခန်.မှန်းနိုင်ကြပါသည်။ တရားမ၀င် ခိုးယူသယ်ဆောင်သည်. လမ်းကြောင်းမှာ -နတ်တလင်းမြို.မှ ကျော်နိုင်(ခ)ရာဇာတ် မှ သူ၏ကိုယ်ပိုင်(၁၂)ဘီးကားများဖြင်. နွားများကို တင်ဆောင်၍ ရန်ကုန်တိုင်းဒေသကြီး နယ်စပ်မြို.ဖြစ်သော ဥက္ကံမြို.သို. လာရောက် ချပေးပါသည်။သူသည် နွားတစ်ကောင်လျင် ၄၅၀၀၀ကျပ် ကားခအဖြစ်ရရှိပါသည်။ကားတစ်စီးလျင် နွားကောင်ရေ (၃၀)မှ (၃၄)ကောင်အထိဆန်.ပါသည်။အဲဒီနွားသယ်ဆောင်ခ တစ်ကောင်လျင် (၄၅၀၀၀)ထဲမှ လက်ပံတန်းတံတားရဲကင်းကို နွားတစ်ကောင်လျင် (၃၀၀၀)နှုန်း၊သာယာဝတီ ဗေဒင်ကုန်းဂိတ်ကို ညှိုနှိုင်းဆောင်ရွက်သူ မျိုးကြီး၊စိုးစိုး(သုံးဆယ်မြို.ခံ တရုတ်လူမျိုး ကားအုံနာ သူဌေး) တို.အား တစ်ကောင်လျင် (၁၀၀၀၀)ကျပ်နှုန်း၊ပဲခူးတိုင်း နယ်အဆုံး မီးနင်းချောင်းတံတား ရဲကင်း ကို တစ်ကောင်(၂၀၀၀)နှုန်းပေးပြီး လာရပါသည်။သောကြာနေ.ညဆို နွားကားများ (၅)စီးမှ (၈)စီးခန်.လာရောက်ချပါသည်။ စနေနေ.တွင် ဥက္ကံမြို.တွင် နွားပွဲဈေး ရှိပါသည်။ဥက္ကံမြို.သည် ရန်ကုန်တိုင်းဒေသကြီး ဖြစ်သောကြောင်. ရွာသာကြီး နွားသတ်လိုင်စင်များကို နွားကောင်ရေ မကန်.သတ်ထားပါ။ကြီုက်သလောက်ဝယ်၊ကြိုက်သလောက် တင်ဆောင်၍ သတ်နိုင်သည်ဟု သိရပါသည်။ခြေလျင်မောင်းလာသည်. နွားများမှာလည်း ရန်ကုန်-ပြည် ကတ္တရာ လမ်းအတိုင်း ရဲများကို ဆက်ကြေးပေး၍ လာလို.ရနေသည်မှာ တစ်ပတ်လျင် နွားကောင်ရေ (၈၀၀)ခန်. ၀င်ရောက်နေပါသည်။ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ.မှ တင်းကြပ်သော်လည်း၊အောက်ခြေ၌ လာဘ်ပေးလဘ်ယူ ပွဲတော်ကြီး၊ရဲများအတွက် အခွင်းအရေး တစ်ခု ဖြစ်နေသည်မှာ စိတ်မကောင်းစရာ ဖြစ်ရပါသည်။တောင်သူလယ်သမားများမှာလည်း တဖြေးဖြေး နွားရှားပါးလာ၍ နွားတစ်ကောင်လျင် (၄)သိန်းမျ (၅)သိန်း အစားစားဝယ်ယူ သုံးစွဲနေရပါသည်။ပဲခူးတိုင်း အစိုးရ အဖွဲ.ကို တိုင်ကြားလျင် တိုင်တဲ.သူကို အရင်စစ်၊ပြီးလျင် တိုင်ခံရတဲ.သူစစ်။လူမြင်တာပဲ အဖတ်တင်သည်။တရားခံအစစ်ကို မောင်းထုတ်လိုက်သလို ဖြစ်သွားသည်။စစ်တဲ.သူ ပြန်သွားလျင် နောက်က မှောင်ခိုလုပ်ငန်းပြန်စ၊အောက်ခြေက ရဲများကလည်း မင်းတို.ဘယ်လောက်တိုင်တိုင် ဘာမှ မဖြစ်ဘူး။အမေကျော်ပြီး ဒွေးတော် လွမ်းတာကိုး လို. ပြောတဲ.ကောင်က ပြော၊ကျွန်တော်တို. ပြည်သူတွေက ဘယ်သူကို တိုင်ကြားရမလဲ အကိုကြီးရေ။အဖြစ်မှန်ပေါ်ပြီး တရားမ၀င်တာတွေကို အရေးယူပေးဖို.ကို ကူညီပေးပါအုန်း အကိုရေ။တောင်သူလယ်သမားတွေက အကူအညီတောင်းလို. ကျွန်တော် သေချာလေ.လာထားတာတွေပါ။ကားနံပါတ်တွေက ၈စ၊၅၃၂၈ ။ ၈စ်၊၈၃၅၅ ။၈ဇ၊၆၄၁၉ လက်ရှိ ခိုးသယ်ဆောင်နေသည်. ကားနံပါတ်တွေပါ။ဓါတ်ပုံတွေပါ ထပ်ပို.ပေးပါဦးမည်။ယခုဖြစ်စဥင်္တွေက အမှန်တွေပါ။သာယာဝတီ ဗေဒင်ကုန်းဂိတ်သည် ပဲခူးတိုင်းအနောက်၏ အဓိက လုံခြုံရေး တံခါးဖြစ်သည်။သို.သော် လာဘ်ပေးလာဘ်ယူ ရန် ရဲများအတွက် အဓိက ဓားပြဂိတ် တစ်ခု ဖြစ်နေပါကြောင်း တင်ပြလိုက်ရပါသည်။

Sunday, July 22, 2012

လုပ်စားတဲ. ဗိုလ်ကြီး တစ်ယောက် အကြောင်း

မှော်ဘီမြို.မှာ နွားကား မှောင်ခို လုပ်စားသည်. စစ်ဗိုလ်ကြီးတစ်ဦးကို နွားကားနှင်. အတူ ဖမ်းမိသွားပါပြီ ခင်ဗျား။ဖြစ်စဉ်မှာ မန္တလေး တိုင်းဒေသကြီး ကျောက်ဆည် ခရိုင်မှ ခိုင်းနွားများ တင်ဆောင်လာ၍ မှော်ဘီမြို.နယ် မြောင်းတကာ ကျေးရွာသို. မန္တလေး တိုင်းမှုး လက်မှတ်ကို ကိုယ်စားထိုး ထောက်ခံချက်ဖြင်. ဗိုလ်ကြီးတစ်ဦး ယူနီဖောင်း ၀တ်ကာ ၁ဃ၊၉၄၀၆ (၁၂)ဘီး ကားခေါင်းတွင် အခန်.သား ထိုင်ကာ ရဲများကို ပိုက်ဆံပေး၍ လာခဲ.ပါသည်။မှော်ဘီမြို.နယ် မြောင်းတကာ ကျေးရွာ၌ နွားများ ချနေစဉ် တိုင်တမ်းသူတစ်ဦး ကြောင်. မှော်ဘီတပ်နယ်မှုး သိရှိ သွားကာ စာရွက်စာတမ်း အထောက်အထား များ တောင်းယူ စစ်နေစဉ် ကား ကို မောင်းပြေးကြသည်။ နောက်မှ တပ်ကြပ်ကြီး အေးသာမှ လိုက်ဖမ်းရာ မိသော အခါ ဘာဥပဒေနဲ. ဖမ်းတာလဲ။နွားမရှိဘဲ ကားကို ဖမ်းလို. ရမလား။ဗိုလ်ကြီးနဲ. ရှင်းလိုက် မင်းတို. အကြောင်း သိသွားမယ် ဟုပြောသော အခါ ဆရာကြီး အေးသာမှ ဗိုလ်ကြီး ကို တပ်နယ်မှုးနျင်. လိုက်တွေ.လိုက်ပါဟု ပြောသည်။တပ်နယ်မှုး နှင်. တွေ.သောအခါ စစ်ကြောလိုက်လျင် သူသည် တိုင်းမှုး လက်မှတ် အတု ထိုး ၍ နွားများသယ်ဆောင်လာ ခဲ.ကြောင်း ပေါ်ပေါက် သဖြင်. တပ်အချုပ်ထဲ ထည်.၍ လိုအပ်သလို အရေး ယူနိုင်ရန် ဆက်လက် လုပ်ဆောင်နေပါသည်။ကားကို ရဲစခန်း အပ်ထားပြီး နွားများကို တော. မဖမ်းရသေးပါကြောင်း တင်ပြ အပ်ပါသည်။နွား ပိုင်ရှင်မှာ ဆူလူးလို. ခေါ်သည်. ကုလားသူဋ္ဌေး တစ်ဦး ဖြစ်ကာ လူကြီးများ နှင်. တော်တော် ပိုင်ကြောင်း သိရပါသည်။စုံစမ်းရရှိသည်များကို ဆက်လက် တင်ပြပေးပါမည်။ဖမ်းသည်.နေ.က ၂၂.ရ။၂၀၁၂(sun)၅း၀၀pmခန်.ကပါ။

Saturday, July 21, 2012

ဥပဒေ ကို လက်တစ်လုံးခြား ပြုနေမှု၊လာဘ်ပေး လာဘ်ယူ

 သို.
သက်ဆိုင်ရာ တိုင်းဒေသကြီး ၀န်ကြီးချုပ်များ သိစေရန်
အကြောင်းအရာ။   ။ခိုင်းကျွဲ၊နွား များကို တရားမ၀င် လာဘ်ပေး၊လာဘ်ယူ ပြုလုပ်၍ သယ်ဆောင်ခြင်း ကိစ္စ။
အထက်ပါ အကြောင်းအရာနှင်. ပတ်သက်၍ ပဲခူးတိုင်းဒေသကြီး အနောက်ခြမ်း နတ္တလင်း မြို.နယ်နေ မွတ်စလင် ကုလားလူမျိုး ရာဇာတ်(ခ)ကျော်နိုင် သည်၎င်းပိုင် (၁၂)ဘီး ကားများဖြင်. ကျွဲ၊နွားများကို  ပေါင်းတည်မြို. မှ ရန်ကုန်တိုင်း ဒေသကြီး ဥက္ကံမြို. သို. တရားမ၀င် သယ်ဆောင်နေခြင်း ဖြစ်သည်။ထိုသို. တရားမ၀င် ခိုးသယ်ရခြင်းမှာ ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ်မှ အစည်းအဝေး ဆုံးဖြတ်ချက်ဖြင်. ရွာသာကြီး နွားသတ်လိုင်စင်ရ ကုလားလူမျိုး မွတ်စလင်များအား တစ်လလျင် ပဲခူးတိုင်းဒေသကြီး(အနောက်ခြမ်း)ရှိ နွားပွဲဈေး များမှ ကျွဲ၊နွား ကောင်ရေ (၁၀၀၀) ၀ယ်ယူခွင်. ပြုကြောင်း ညှိုနှိုင်း စာအား ပဲခူးတိုင်းဒေသကြီး အစိုးရ အဖွဲ. သို. အကြောင်းကြားရသည်။ထို အကြောင်းကြား ညှိုနှိုင်း စာအရ ပဲခူးတိုင်းဒေသကြီး အစိုးရ အဖွဲ.မှ  ရွာသာကြီး လိုင်စင်ရ နွားသတ်ကုလားများအား  ကျွဲ၊နွား ကောင်ရေ (၁၀၀၀)အား တစ်လလျင် ၀ယ်ယူ သယ်ဆောင်ခွင်.ပြုစေခဲ.ပါသည်။
 ထိုသို. သယ်ဆောင်ရာတွင် ရွာသာကြီး နွားသတ်ကုလားများ၏ ၀ယ်ယူထားပြီးသော နွားများကို နတ္တလင်း ကားပိုင်ရှင် ရာဇာတ်(ခ)ကျော်နိုင် ကားများဖြင်. ရန်ကုန် ရွာသာကြီး သို.  အမြဲတိုင်း သယ်ဆောင်စေခဲ.ပါသည်။တခြား မည်သူတစ်ဦး တစ်ယောက်၏ ကားများ ၀င်ရောက် ပြေးဆွဲခွင်. မရခဲ.ပါ။သူတို.၏ လျို.၀ျက်ချက်များ တစ်ခြား ကားသမားများ သိသွားမည်ကို စိုးရိမ်၍ ဖြစ်ပါသည်။ထိုနွားသတ်ကုလားများ အဖွဲ.တွင် (၃၅)ယောက်ရှိပါသည်။တစ်နေ.လျင် နွားသတ်ကုလားလိုင်စင်တစ်ဦးကို နွားကောင်ရေ (၁၀)ကောင်အထက်သတ်ပါသည်။ထို.ကြောင်. တစ်နေ.ကို နွားကောင်ရေ (၃၅၀)ခန်. အမြဲသတ်နေရပါသည်။တစ်လလျင် နွားကောင်ရေ(၉၀၀၀)အထက်သတ်ရမှ လုံလောက်မည်ဖြစ်ပါသည်။ထိုနွားသတ်ကုလားများကို တရားဝင် ခွင်.ပြုထားသည်မှာ အကောင်ရေ (၁၀၀၀)သာလျင်ဖြစ်ပါသည်။ထို.ကြောင်. တရားမ၀င် လာဘ်ပေးလာဘ်ယူပြုလုပ်၍ ခိုးသယ်ဆောင်ခြင်း လုပ်ငန်းကို စတင်ပါတော.သည်။ အဲဒီလို တရားမ၀င် သယ်ဆောင်ရာတွင် နယ်ခံဖြစ်သော ရာဇာတ်(ခ)ကျော်နိုင်က အဓိက ပြုလုပ်ပြီး အကျိုးအမြတ်မြောင်များစွား ရပါသည်။ထို ရာဇာတ်(ခ)ကျော်နိုင်သည် ပေါင်းတည် နွားပွဲဈေး၊နတ္တလင်း နွားပွဲဈေး၊ ဇီးကုန်း နွားပွဲဈေး များကို လေလံဆွဲပြီး လုပ်ကိုင်နေသူတစ်ဦးလည်း ဖြစ်ပါသည်။သူ၏ ကားများဖြင်. ခိုးသယ်ရာတွင် မြို.နယ် အုပ်ချုပ်ရေးမှုးများ၊ တိမွေးကု ဆရာဝန်များ၊စည်ပင်သာယာရေးမှ ဦးစီးများ ၊မြို.နယ်ရဲ.စခန်းမှုးများ အားလုံးကို သူ.ခွဲတမ်းနှင်.သူ ပေးရပါသည်။ ပြီးလျင် သာယာဝတီ ဗေဒင်ကုန်းဂိတ်မှ ရဲများ ၊စရဖ ၊နှင်. အင်ဖေါ်မာ များကို လည်း သူ.ခွဲတမ်းနှင်. သူပေးရပါသည်။အဓိက သာယာဝတီ ဂိတ်ကို ဖြတ်ပေးနေသူမှာ သုံးဆယ်မြို.နေ တရုတ်လူမျိုး ကားအုံနာနှင်.သာယာဝတီ ဗေဒင်ကုန်း ဂီတ်အကျော်တွင် နွားပွဲလေလံဆွဲထားသော စိုးစိုး ဆိုသူမှ လုပ်ဆောင်ပေးခြင်းဖြစ်ပါသည်။ ထိုသို. ဂိတ်ဖြတ်ပေးသည်. အတွက် သူ၏နွားပွဲဈေး မှ ၀ယ်ယူခြင်းမဟုတ်သော နွားများကို နွားတစ်ကောင်လျင် (၆၅၀၀)နှုန်းလက်မှတ်ဖြတ် ခိုင်း၍ ရန်ကုန်တိုင်းဒေသကြီး နယ်စပ်မြို.ဖြစ်သော ဥက္ကံမြို.ကိုအာမင်း ဆိုသူ၏ခြံသို. နွားများခိုးချခြင်းဖြစ်ပါသည်။ပြီးနောက် စနေနေ.တွင် ဥက္ကံနွားပွဲဈေး လက်မှတ်ဖြင်. ရန်ကုန်တိုင်းဒေသကြီး ရွာသာကြီးသို.ပို.ဆောင်စေပါသည်။ဥက္ကံစနေနေ. နွားပွဲမှ တစ်ရက်တည်းနှင်. နွား အကောင်ရေ (၅၀၀)မှ (၈၀၀)ကြား သယ်ဆောင်ရပါသည်။စနေနေ. အပတ်တိုင်း ဤနွားများ မည်သည်.နေရာမှ ရောက်လာပါသနည်း။ ပထမတွင် ရန်ကုန်သို. စာရွက်စာတမ်း အတုများဖြင်.သယ်ဆောင်ခဲ.ပါသည်။မှော်ဘီမြီု.နယ် အမှတ်(၄)စစ်းဆေးရေးဂိတ်မှ စာရွက်စာတမ်း အတုမှန်း သိသွားပြီး နောက်နောင်မလုပ်ရန်ဆိုဆုံးမပြီး သိန်းဆယ်ဂဏန်း အထက် ဒင်္ဏရိုက် လာဘ်ပေးလာဘ်ယူ ပြုလုပ်လိုက်၍ ကြောက်လန်.ပြီး ဥက္ကံမြို.ကိုအာမင်း နွားခြံတွင် နွားများတစ်ဆင်.ချ၍ စနေနေ. နွားပွဲဈေး လက်မှတ်ဖြင်. တရားဝင် အတုအယောင် တိုင်းဒေကြီး တစ်ခုမျ တစ်ခုသို. ခိုးကူးနေခြင်း ဖြစ်ပါကြောင်း တင်ပြလိုက်ရပါသည်။

Sunday, May 27, 2012

ပြည်သူတွေ ရဲ.ဆေးရုံမှ ဟုတ်ရဲ.လား

ကျွန်တော်. မိတ်ဆွေ အမျိုးသမီးတစ်ယောက်သည်  သားဥ ကင်ဆာဟု ယူဆ ရသဖြင်. ဗဟိုအမျိုးအမျိုးသမီးဆေးရုံ၌ ဆေးရုံတက်နေသည်။သူဆေးရုံတက်နေသည်မှာ (၁၅)၇က်ခန်.ရှိသွားပြီဖြစ်သည်။သူ.အားနေ.စဉ် ဓာတ်မှန်ရိုက်ခိုင်းခြင်း၊သွေးစစ်ခိုင်းခြင်း၊ECG ၇ိုက်ခိုင်းခြင်းများကို ဆက်တိုက်လုပ်ခိုင်းခဲ.သည်။နောက်ဆုံး TV ဓါတ်မှန် လို ဈေးကြီးပေးရသည်.(၂သိန်းခန.်ရှိ)သွားရိုက်ခိုင်းခဲ.သည်။အဖြေ၌ မည်.သည်. ကင်ဆာမှ မတွေ. ၇ပါ။အဲဒီ ကဆရာဝန်တွေ၊ နာမ်.စမတွေက  ပထမ တွင် ရောဂါကအရမ်းဆိုးရိမ်ရတယ်။ ဘေးကလီဆာ တွေပါ ကင်ဆာဆဲလ်က ပျံ့နှံ့နေပြီ။လူနာက အချိန်လွန်မှ ရောက်လာတယ်ဟု စိတ်ဓါတ် မကျကျအောင်ပြောထားပါသည်။အခုတော. ဘာအဖြေမှာမှ ကင်ဆာဆဲလ် မတွေ.ပါ။ဆေးရုံမှလည်း ဆင်းခွင်.မပေးပါ။ခဏနေပါဦး သူတို.အသားစ စစ်တဲ. ဌာနက အဖြေမှားနေသလားဆိုပြီး သူတို.ထာနကို သူတို.ပြန် အဖြေရှာနေပါတယ်။ အဲဒီအထိ လူနာက သည်းဥာည်းခံပြီးစောင်.နိုင်ပါသေးတယ်။ဒါပေမယ်.26.5.2012(sat) ည(၉)နာရီခန်.မှာ  ဖုန်းအားသွင်းထားလို. ဆိုပြီး ဖုန်းလာသိမ်းသွားပါတယ်။သိမ်းသွားတဲ. နာမ်.စမ နာမည်က  ဟေမာန်အောင်တဲ.။အဲဒီတော. ကျွန်တော် မိတ်ဆွေ အမျိုး သမီးက ဖုန်းကို ဘာကြောင်.သိမ်းသွားကြောင်းရှင်းပြရန် လိုက်မေးသော အခါ ၊ဆေးရုံ]၌ ဖုန်းအားမသွင်းရကြောင်း ၊ဖုန်းအားသွင်းချင်လျင် သူ.ကို ငွေကျပ် (၅၀၀၀)ကျပ်ပေးရမည်ဟု ပြောပါသည်။ထိုအခါ ဖုန်းပိုင်ရှင် အမျိုးသမီး မှ ကျွန်မ တို.က နယ်ကဆေးရုံလာတက်ရတာ။အိမ်မှ မိသားစုနှင်.တော. ဖုန်းပြောချင်ပါသည်။ရက်ရှည်လများ ဆေးရုံ၌နေရသည်. အတွက်ဖုန်းအားကုန်လျင် ဘယ်နေရာမှာားသွင်းရမည်နည်း။ဖုန်းအားသွင်း လို.ငွေကျပ်(၅၀၀၀)ဆိုလျင် ကျွန်မတို. မပေးနိုင်ပါ။ဖုန်းသာ သိမ်းထားလိုက်တော.ဟု ပြောပြခဲ.ပါသည်။လူနာအိမ်မှ ဖုန်းများဝင်လာသောအခါ အဲဒီသိမ်းထားသော နာမ်စမက ဖုန်းကို ပိတ်ပစ်လိုက်ပါသည်။အိမ်မှ မိသားစုဝင်များအရမ်း စိုးရိမ်သွားပါသည်။ထိုအခါ ရွေကံသာဆေးရောင်းသည်.နေရာမှ အမတစ်ယောက်အားဖုန်းဆက်၍ အကူအညီတောင်းသောအခါမှ  sister ဆိုသောထမိန်အစိမ်းဝတ် အမျိုးသမီးမှ လာရောက်ဖုန်းကိုပေးသွားပါသည်။ဘယ်ကိုမှ မတိုင်ရန်လည်း ပြောသွားပါသည်။ဗဟိုအမျိုးသမီး ဆေးရုံ၌ အဲဒီလို ဆေးရုံတက်သည်. လူနာများကို ဂွင်ရိုက်သည်. ကိစ္စများကို တိုင်းပြည်ရှိ လူကြီးများအား သိစေချင်သည်။လူနာက မိမိမှာဘာရောဂါ ၇ှိသည်၊ ဘယ်တော. ခွဲစိတ်ခံရမည်၊သိလိုသော အကြောင်းတရားများကို မေးလျင်လည်း ဟောက်ခြောက်ခံရ၍ လူနာမှ နောက်မမေးရဲတော.ပါ။လူနာသည် မိမိဘာကြောင်းကိုတော. မေးပိုင်ခွင်.ရှိသည်ဟု ကျွန်တော်ထင်မိသည်။ဘာကြောင်. ဟောက်ခြောက်နေကြပါသနည်း။လူနာများကို ထောင်သားများ သဖွယ်ဆက်ဆံနေခြင်းမှာ ဘာ.အတွက်ကြောင်.နည်း။ဆေးရုံမတက်ရဲအောင်ပြုလုပ်နေတာလား?ပိုက်ဆံ လာဘ်ထိုးဖို.လိုနေတာလား?လူတွေက အပြင်မှာ မတတ်နိုင်၍ ဆေးရုံတက်ကျသည်။ဆေးရုံေ၇ာက်တော. ပိုက်ဆံမတတ်နိုင်သည်. လူနာက ထောင်ကျသလို၊အပြစ်သားတစ်ယောက်လို ခံစားစေတယ် ဆိုတာ ပြည်.သူ.ဆေးရုံလားဆိုတာ ကျွန်တော်ဒီနေရာကနေ လူနာအားလုံးကိုယ်စား မေးချင်ပါတယ်။

Sunday, February 19, 2012

2012ပေါက်ဈေးတဲ.

ကျွန်တော်တို.မှော်ဘီမှာ15.2.2012နေ.ကယာဉ်တိုက်မူတစ်ခုဖြစ်ခဲ.တယ်။အဲဒီဖြစ်စဉ်မှာထွေလာဂျီမောင်းတဲ.လူက
သေသွားတယ်။အုတ်ကားမောင်းတဲ.သူကထွက်ပြေးတယ်။အုတ်ကားပိုင်ရှင်လဲသူ.ကားကိုလမ်းပေါ်ကေ၇ွှ.ပေးေ၇း
သေတဲ.လူကိုလူမူေ၇းအရအကူအညီပေးရေး၊ဆေးရုံရောက်တဲ.လူနာတွေကိုဆေးရုံလိုက်ပြီး လူမူရေးအရအကူအညီပေးရေးလုန်းပမ်းရတာပေါ.လေ။
ဥပဒေအရ လူသေလို.ကားဒရိုက်ပါမမိရင် ကားကိုအာမခံမပေးပါဘူး။
အဲဒီနေ.ကတာဝန်ကျတဲ.တာဝန်မူး(အမူစစ်)ကဒုရဲအုပ်တင်ထွန်းနိုင်ပါ။
ဒီလောက်လူတွေသေ၊ဆေးရုံရောက်တဲ.သူဆေးရုံရောက်၊အုတ်ကားပိုင်ရှင်လဲစိတ်တွေညစ် ဒုတ်ခရောက်နေချိန်မှာ(ကားလဲအာမခံပေးလို.ရတာမဟုတ်)သူက2012ပေါက်ဈေးကိုတရားဝင်ချပြတော.တာပဲ။
မြို.နယ်မူး(50000)၊စခန်းမူး(50000)၊သူ.အတွက်(100000)တဲ.လေ။ပြီးတော.သူကပြောသေးတယ်2012ဈေးကမနှစ်ကနဲ.မတူဘူးတဲ.

Monday, January 30, 2012

ခိုင်းနွားများနှင်.(အမဲသား)များတရားမ၀င်လဘ်ပေးသယ်ဆောင်ခြင်း

ပဲခူးတိုင်းဒေသကြီး(အနောက်)အင်းမနွားပွဲဈေးမှ ခိုင်းနွားများကို စစ်ကားများဖြင့်၎င်း၊ ဇီးကုန်း၊ ကြို.ပင်ကောက်၊ လက်ပံတန်းနွားပွဲဈေးများမှခိုင်းနွားများကိုကုန်းကြောင်း(ခြေကျင်)မောင်းပြီး၎င်း၊သုံးဆယ်မြို.မှနွားသတ်လိုင်စင်ရသူ ကုလား(ကျော်မင်း)
သည်ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမြို.နယ် ဥက္ကံနွားပွဲဈေးသို့တရားမ၀င် ခိုင်းနွားများကို ခိုး၍ သယ်ဆောင်နေပါသည်။
ထိုသို့သယ်ဆောင်ရာလမ်းတလျှောက်တွင်ရဲများကိုဆက်ကြေးပေးပြီးလာရခြင်းဖြစ်သည်။ သုံးဆယ်(ဗေဒင်ကုန်း)ဂိတ်တွင် အများဆုံး ပေးရသည်ဟု သိရသည်။ ပဲခူးတိုင်းအတွင်း လယ်သမားများခိုင်းနွား အခက်အခဲဖြစ်မည်ကို စိုးရိမ်၍၄င်း၊ နိုင်ငံတော် အရေးကြီးကုန်ပစ္စည်း ပုဒ်မအရ၄င်း၊ တိုင်းဒေသကြီးတစ်ခုမှနောက်တိုင်းဒေသကြီး တစ်ခုသို့ သယ်ဆောင်ခွင့်မပြုပေ။ ဥပဒေပုဒ်မ ၈(၁)၊၈(၃)၊ အရအရေးယူ ခံရမည်ဖြစ်ကြောင်း သိထားသည်။
သို.သော်ထိုကုလား(ကျော်မင်း)သည်ရဲများနှင်.လာဘ်ပေးလာဘ်ယူလုပ်၍ ဥပဒေကိုလက်တစ်လံုးခြားလုပ်နေပါသည်။
အမဲသားများကိုလည်း သူဧ။်ကိုယ်ပိုင်ကား(၈ဆ၊၂၅၄၈)ပုဇဉ်းခေါင်းအဖြူရောင်ဖြင်.သုံးဆယ်မြို.မှပုဇွန်တောင်စက်ဆန်း၊ရွှေဒေါ်လာ
အပေါက်မှဝင်၍(ယန်လီရှင်း)စည်သွပ်စက်ရုံ တရုတ်မကြီးဆိုသူထံသို့ တရားမ၀င်မှောင်ခို အမဲသားများကိုပို.ဆောင်နေပါသည်။
ဥပဒေသည် ရဲများနှင်.ပူးပေါင်းကာအသက်မ၀င်တော.ပါ။
ပဲခူးတိုင်း(အနောက်)ရှိနွားများသည် ထိုနွားသတ်ကုလားသတ်၍ ကုန်ပါတော.မည်။
တာဝန်ရှိ လူကြီးမင်းများ အမြန်ဆုံး အရေးယူပေး နိုင်ပါရန် အသိပေး အကြောင်းကြားပါသည်။(တရုတ်နှစ်သစ်ကူးရှိ၍အမဲသားတင်ပို.မှုခဏရပ်ထားသည်။)

Saturday, January 28, 2012

စတင်ခြင်း (WELCOME NOTE)

Credit-foto
ကျွန်တော် ဒီနေ့ ၂၈ ရက် ဇန်န၀ါရီလ ၂၀၁၂ မှာ မှော်ဘီ သူကြီး ဆိုတဲ့ ဘလော့လေး တစ်ခုကို စတင်လိုက် မိတယ်။ ဘလော့ရေးခြင်း ဆိုတာ လူတွေရဲ့ စိတ်ထွက်ပေါက်တွေ၊ လူတွေရဲ့ ခံစားရတဲ့ အကြောင်းအရာတွေ မှတ်တမ်းတင်ချင်တဲ့ ဘ၀မှာ မှတ်မှတ်ရရ ဖြစ်ခဲ့တဲ့ အရာလေးတွေ၊ လူသိအောင် ချပြချင်တဲ့ သတင်းအချက် အလက် အမှန်တရားလေးတွေကို ရေးကြတာများပါတယ်။ ကျွန်တော်လည်း အဲ့ဒီလိုပဲ ကိုယ့်ရဲ့ အတွေ့အကြုံ ခံစားချက်လေးတွေကို ရေးပြချင်လို့ ဘလော့အိမ်လေးကို တည်ဆောက်လိုက်ပါတယ်။

ကိုအောင်ကျော်ဦး
၂း၅၂ နေ့ခင်းပိုင်း
၂၈ ရက်၊ ဇန်န၀ါရီလ
၂၀၁၂၊ မြန်မာပြည်