Monday, January 30, 2012

ခိုင်းနွားများနှင်.(အမဲသား)များတရားမ၀င်လဘ်ပေးသယ်ဆောင်ခြင်း

ပဲခူးတိုင်းဒေသကြီး(အနောက်)အင်းမနွားပွဲဈေးမှ ခိုင်းနွားများကို စစ်ကားများဖြင့်၎င်း၊ ဇီးကုန်း၊ ကြို.ပင်ကောက်၊ လက်ပံတန်းနွားပွဲဈေးများမှခိုင်းနွားများကိုကုန်းကြောင်း(ခြေကျင်)မောင်းပြီး၎င်း၊သုံးဆယ်မြို.မှနွားသတ်လိုင်စင်ရသူ ကုလား(ကျော်မင်း)
သည်ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမြို.နယ် ဥက္ကံနွားပွဲဈေးသို့တရားမ၀င် ခိုင်းနွားများကို ခိုး၍ သယ်ဆောင်နေပါသည်။
ထိုသို့သယ်ဆောင်ရာလမ်းတလျှောက်တွင်ရဲများကိုဆက်ကြေးပေးပြီးလာရခြင်းဖြစ်သည်။ သုံးဆယ်(ဗေဒင်ကုန်း)ဂိတ်တွင် အများဆုံး ပေးရသည်ဟု သိရသည်။ ပဲခူးတိုင်းအတွင်း လယ်သမားများခိုင်းနွား အခက်အခဲဖြစ်မည်ကို စိုးရိမ်၍၄င်း၊ နိုင်ငံတော် အရေးကြီးကုန်ပစ္စည်း ပုဒ်မအရ၄င်း၊ တိုင်းဒေသကြီးတစ်ခုမှနောက်တိုင်းဒေသကြီး တစ်ခုသို့ သယ်ဆောင်ခွင့်မပြုပေ။ ဥပဒေပုဒ်မ ၈(၁)၊၈(၃)၊ အရအရေးယူ ခံရမည်ဖြစ်ကြောင်း သိထားသည်။
သို.သော်ထိုကုလား(ကျော်မင်း)သည်ရဲများနှင်.လာဘ်ပေးလာဘ်ယူလုပ်၍ ဥပဒေကိုလက်တစ်လံုးခြားလုပ်နေပါသည်။
အမဲသားများကိုလည်း သူဧ။်ကိုယ်ပိုင်ကား(၈ဆ၊၂၅၄၈)ပုဇဉ်းခေါင်းအဖြူရောင်ဖြင်.သုံးဆယ်မြို.မှပုဇွန်တောင်စက်ဆန်း၊ရွှေဒေါ်လာ
အပေါက်မှဝင်၍(ယန်လီရှင်း)စည်သွပ်စက်ရုံ တရုတ်မကြီးဆိုသူထံသို့ တရားမ၀င်မှောင်ခို အမဲသားများကိုပို.ဆောင်နေပါသည်။
ဥပဒေသည် ရဲများနှင်.ပူးပေါင်းကာအသက်မ၀င်တော.ပါ။
ပဲခူးတိုင်း(အနောက်)ရှိနွားများသည် ထိုနွားသတ်ကုလားသတ်၍ ကုန်ပါတော.မည်။
တာဝန်ရှိ လူကြီးမင်းများ အမြန်ဆုံး အရေးယူပေး နိုင်ပါရန် အသိပေး အကြောင်းကြားပါသည်။(တရုတ်နှစ်သစ်ကူးရှိ၍အမဲသားတင်ပို.မှုခဏရပ်ထားသည်။)

Saturday, January 28, 2012

စတင်ခြင်း (WELCOME NOTE)

Credit-foto
ကျွန်တော် ဒီနေ့ ၂၈ ရက် ဇန်န၀ါရီလ ၂၀၁၂ မှာ မှော်ဘီ သူကြီး ဆိုတဲ့ ဘလော့လေး တစ်ခုကို စတင်လိုက် မိတယ်။ ဘလော့ရေးခြင်း ဆိုတာ လူတွေရဲ့ စိတ်ထွက်ပေါက်တွေ၊ လူတွေရဲ့ ခံစားရတဲ့ အကြောင်းအရာတွေ မှတ်တမ်းတင်ချင်တဲ့ ဘ၀မှာ မှတ်မှတ်ရရ ဖြစ်ခဲ့တဲ့ အရာလေးတွေ၊ လူသိအောင် ချပြချင်တဲ့ သတင်းအချက် အလက် အမှန်တရားလေးတွေကို ရေးကြတာများပါတယ်။ ကျွန်တော်လည်း အဲ့ဒီလိုပဲ ကိုယ့်ရဲ့ အတွေ့အကြုံ ခံစားချက်လေးတွေကို ရေးပြချင်လို့ ဘလော့အိမ်လေးကို တည်ဆောက်လိုက်ပါတယ်။

ကိုအောင်ကျော်ဦး
၂း၅၂ နေ့ခင်းပိုင်း
၂၈ ရက်၊ ဇန်န၀ါရီလ
၂၀၁၂၊ မြန်မာပြည်